Ads 468x60px

Saturday 15 September 2012

ဝိတ်ချချင်ပါသလား

လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့
လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
ခါးပတ်ရှည်လေ..အသက်တိုလေဖြစ်ပါတ ယ်..
ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ၊ အိုဗာဝိတ်တွေ ၊ အဝလွန် နေသူတွေအတွက်
လေ့ကျင့်ခန်းလေးတွေရေးလိုက်ပါတယ်…

(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ
80 Cal/hr ဖြစ်ပါတယ်။
(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင်
လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။
(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။
(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှေက်ရင် 325 Cal/hr ဖြစ်သွားပါပြီ။
(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။
(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။
(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။
(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505
Cal/hr ဖြစ်ပါတယ်။
(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575
Cal/hr လောင်ကျွမ်းပါတယ်။
(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို
တစ်နာရီ(15)မိုင်နှုန်းနဲ့ တစ်နာရီကြာ စီးတာဖြစ်စေ..
တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr လောင်ကျွမ်းပါတယ်။
(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတ ယ်..။
ကိုင်း ဘာလုပ်ရင်ကောင်းမလဲဗျာ အမြဲထိုင်မနေပါနဲ့ တစ်ခုခုတော့ လုပ်ဖြစ်အောင်လုပ်လိုက်စမ်းပါ။
လျှောက်လည်ဖတ်လိုက်ရတာလေး ဖောက်သည်ချလိုက်ရတာပါ။

0 comments:

Post a Comment