Ads 468x60px

Friday 14 September 2012

Samsung galaxy Android phone များအတွက် မြန်မာလက်ကွက်၊ မြန်မာစာထည့်နည်း

  Samsung galaxy Android phone သုံးနေတဲ့ သယ်ငယ်ချင်း၂-ယောက်က ကိုသစ္စာကို မြန်မာဖောင့် လာထည့်ခိုင်းလို့ ကျနော်လည်း အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ ရှာပြီ ဟိုစမ်းဒီစမ်း စမ်းလုပ်ကြည့်ရာ သူငယ်ချင်းတစ်ယောက် အကြံပေးရာမှ အဆင်ပြေသွားတာလေးကို ကျန်တဲ့ မြန်မာဖောင့်ထည့်ချင်သူများ အဆင်ပြေစေချင်လို့ zawgyi font နဲ့ zawgyi keyboard နှစ်မျိုးလုံးအပြင် အသုံးပြုနည်းလေးပါ ဖောက်သည်ချ တင်ပေးလိုက်ပါတယ်။ အောက်ကဟာလေးကို Download လုပ်ပါ.  zip File ကိုဖြေပြီး.အထဲက Zawgyi_One_2.apk  ဆိုတဲ့ file က font ။ . MyanDroid-Soft-Keyboard-Zawgyi-Beta.apk ဆိုတာက zawgyi keyboard ပါ. အဲဒီဖိုင်လေးနှစ်ခုကို မိမိအသုံးပြုတဲ့ Android phone ရဲ့ memorycard ထဲကို USB ကြိုးနဲ့ ချိပ်ဆက်ကာ ထည့်ပါ။. Samsung Phone နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့, ဖုန်းကို ကွန်ပျူတာက သိဖို့အတွက် samsung kies Softwareလေးကို မိမိကွန်ပျူတာထဲ အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်။ ယင်း Software လေး မရှိသေးရင် အောက်မှာပေးထားတဲ့လင့်မှာ Download လုပ်ယူပါ. ပြီးလျှင် Install လုပ်ပါ။ ထို့နောက် ဖုန်းနဲ့ ကွန်ပျူတာချိတ်ဆက်လျှက် မိမိဖုန်းထဲက Memory Card ထဲကို အထက်က Zawgyi_One_2.apk နဲ့ MyanDroid-Soft-Keyboard-Zawgyi-Beta.apk ကို ထည့်ပါ။ ယင်းနောက် ကွန်ပျူတာနဲ့ချိပ်ဆက်တာဖြုတ်ပြီး ဖုန်းထဲက My File>> memory card ကိုသွားပြီး အထက်ပါ ဆော့ဝဲလ်ကို ကလစ်ကာ install လုပ်ပါ. ထိုသို့ Install လုပ်တဲ့ခါ Install blocked ဆိုတဲ့ခေါင်းစဉ်နဲ့ For security, Your phone is set to block installation of applications not obtained from Android Market ဆိုတဲ့ box  ပေါ်လာခဲ့လျှင် >> Settings ကိုဝင် >> Unknown Sources ကို ကလစ်ပါ။ Box တစ်ခုကျလာပါလိမ့်မယ် OK ကို နှိပ်လိုက်ပါ။>>Back >> MyanDroid Soft keyboard ကို Install လုပ်>> Done >> Back >> Zawgyi One2 ကို Install >> Done >> Settings>>Display>>Screen Display>>Font Style ကိုဖွင့်ပီး ZawGyi One TTF ကိုရွေးမယ်။ Galaxy S3 ဖြစ်လျှင် Setting>> Display>> Fpmt Style>>ZawGyi One TTF ကိုရွေး>>Yes>> Restart ချ။ ပြန်တက်လာလျှင် Settings>> Lacale and Text (S3 ဖြစ်လျှင် Setting>> Language and Input) >> MyanDroid Soft Keyboard ကို ရွေး >> အထက်နားက Select Input Method နှိပ်ပြီး MyanDroid Soft Keyboard ကိုရွေး (S3 ဆိုလျှင် Default >> MyanDroid Soft Keyboard ကို ပေးလိုက်။ အဲဒါပြီးတော့ ကိုသစ္စာကို လက်ဘက်ရည်တိုက်ပေါ့ ဟုတ်ပေါင် ယောင်လို့ အဆင်ပြေမပြေ ဖုန်းနဲ့အင်တာနက်သုံးကြည့်လေ မြန်မာဝက်ဆိုက်တွေဝင်ကြည့်လေ။ Gtalkတွေ ၀င်ကြည့်။ Facebook တွေ သုံးကြည့်။ မြန်မာဖောင့်မရှိခင် ယခင်က Viber စသည်နဲ့ ပို့ထားတဲ့ ဘာမှန်းမသိခဲ့သဖြင့် စိတ်ညစ်ခဲ့ရသော သယ်ချင်းတွေရဲ့ Message တွေ ပြန်ကြည့်ပေါ့ မြန်မာစာမြင်ရပြီပေါ့။. စာရေးဖို့ဆိုရင်တော့ ရေးမယ့်နေရာလေးမှာ သုံးစက္ကန့်လောက် ထောက်ထားလိုက်ပါ. စာပေါ်လာပါလိမ့်မယ် ယင်းအထဲက Input method ဆိုတဲ့စာကြောင်းလေးကို ကလစ်လိုက်ရင် select input method ဆိုပြီး ထပ်ပေါ်လာတဲ့ အထဲက MyanDroid soft keyboard ကိုရွေးလိုက်တာနဲ့ မြန်မာစာရေးလို့ရပါပြီ. english လိုပြန်ရေးချင်ရင် အထက်ပါတိုင်း သုံးစက္ကန့်လောက်ဖိပြီး ပြန်လုပ်ပါ. ထို့နောက် Sansung keypad ကိုရွေးလိုက်ပါ english စာပြန်ရပါတယ်. Myanmar Keyboard လက်ကွက်ကတော့ တဖြေးဖြေးမှ ကျွမ်းကျင်သွားပါလိမ့်မည်။ မသိသေးသော Samsung galaxy Android phone သုံးသူများ အဆင်ပြေကြပါစေ။ samsung kies = download Zawgyi_One_2.apk and MyanDroid-Soft-Keyboard-Zawgyi-Beta.apk = download here password = akmkuntha

0 comments:

Post a Comment