Ads 468x60px

Tuesday 18 September 2012

G-talkမှာမြန်မာဖောင့်မပေါ်ပဲ လေးထောင့်အတုံးလေးတွေပေါ်နေ၇င်

        ဟိုတနေ့က ကိုသစ္စာရဲ့ သယ်ချင်း ဘိုကျောက်ရဲ့လက်တော့ Gtalk box မှာ စာရိုက်တဲ့အချိန်မှာတော့ မြန်မာစာပေါ်ပြီးတော့ Enter ခေါက်လိုက်ပြီးတဲ့နောက် Chat box ထဲမှာကျ လေးထောင့်တုံးလေးတွေ ဖြစ်သွားတယ် စာမပေါ်တော့ဘူး။ တစ်ဖက်လူက ပို့လိုက်တဲ့ဟာလည်း အဲလိုပဲ ဖတ်မရဘူး ဖြစ်နေလို့ ကျနော်ဆီပြေးလာတယ်။ ကိုယ်လည်း ဆရာကြီးလိုလို ဘာလိုလို ခပ်တည်တည်နဲ့ လျှောက်လုပ်တာ နည်းတော်တော်စုံသွားတယ် ဒါလည်းမရဘူး ချွေးသာပြန်သွားတယ်။ သူက မနေ့ကထိရသေးတယ်။ ဒီနေ့မှ ဖြစ်တာတဲ့ ဒါနဲ့ ကျနော်လည်း မနေ့ကဒိတ်နဲ့ ကွန်ပျူတာကို Restore ပြန်လုပ်လိုက်တယ်။ အဲဒီအခါကျမှ ရသွားတယ်။ အခုတော့ သိပြီ။ ကောင်လေးငယ်ဆီကရတာ။ အဲဒီပြဿနာက Internet Explorer ကို Update လုပ်မိတဲ့အခါမှာ ဖြစ်တတ်ပါသတဲ့။ အဲလိုဖြစ်ခဲ့ရင် Restore လုပ်ရတာ ကြာပါတယ်။ အောက်ပါနည်းလမ်းလေးတွေအတိုင်းသာ ဆောင်ရွက်လိုက်ပါ အဆင်ပြေသွားမှာပါ။ ဖောက်သည်ချလိုက်ပါတယ်ဗျာ...

1.အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။Setting Box လေးကျလာပါလိမ့်မယ်။
2.ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း
   ပြောင်းလိုက်ပါ။ပြီးရင် OK  ကိုနှိပ်လိုက်ပါ။
3.G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။ပြီးရင် Setting ကိုသွားပါ။ညာဘက်
  ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက်
   ပါ။
4.ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။ပြီးရင်အပေါ်ကပုံမှာပြထားသလို Font ကိုနှိပ်လိုက်
   ပါ။ပြီးရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။
5.အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ G-talk ကိုပြန်ဖွင့်ပြီးကြည့်လိုက်ပါ။အရင်
   အတိုင်း မြန်မာဖောင့်ကိုပြန်ပြောင်းသွားပါလိမ့်မယ်..။

0 comments:

Post a Comment