Ads 468x60px

Saturday 13 October 2012

မိမိတို့ကွန်ပျူတာလုံခြုံရေး

ကျွန်တော်တို့ ကွန်ပျူတာကို သုံးကြတဲ့အခါ လုံခြုံရေးအတွက် လျှို့ဝှက် code အမျိုးမျိုး နည်းအမျိုးမျိုးပေးပြီး သုံးတတ်ကြပါတယ်။ ပုံမှန်အားဖြင့် control panel - user accountထဲကနေ ပေးတတ်ကြတယ်လေ။  ဒါမှမဟုတ် finger printလိုမျိုးနည်းတွေ၊ မျက်လုံးနဲ့ပေးတဲ့နည်းတွေလည်း သုံးတတ်ကြပါတယ်။ ဒါကလည်း အမှန်တော့ user accountထဲနေပဲမှတ်ထားတာပါ။ လျှို့ဝှက် codeကိုမှတ်ထားတာက ၀င်းဒိုးရဲ့ c: ထဲက systemထဲမှာ မှတ်ထားတာပါပဲ။ ဘယ်လိုလုပ်လုပ် တကယ်တော့ ကျော်ခွလိုက်လို့ရပါတယ်။ သူက အသုံးပြုသူရဲ့အကောင့်ကိုပဲ ကာကွယ်ထားတာပါ။ ကျော်ခွပြီး c:ထဲက ဖိုင်လေးကို ဖျက်လိုက်ရင် လျှို့ဝှက် ကုဒ်ပျက်ရော။ ဒါ့ကြောင့် system password လုပ်နည်းလေး ပြောပြချင်ပါ။ ပထမဆုံး Run Boxကို ဖွင့်လိုက်ပါ။ ဖွင့်ပြီး syskey လို့ရိုက်ထည့်လိုက်ပါ။
ရိုက်ပြီးရင်တော့ okကိုနှိပ်ပါ။
ဒီဘောက်လေးပေါ်လာရင်တော့ Update ကိုနှိပ်ပါ။
အခုလိုဆက်ပေါ်လာတဲ့ ဘောက်မှာ Password Startupကိုရွေးပြီး အောက်အကွက်လေးထဲမှာ Password ပေးပါ။ အတူတူဖြစ်ရမှာပါ နှစ်ကွက်လုံး။ ပြီးရင်တော့ ok နှိပ်လိုက်ပါ။ 
နောက်ဆုံးဒီဘောက်လေးကျလာရင်တော့ အားလုံးပြီးပါပြီ။ Okနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ စက်ဖွင့်တိုင်း ၀င်းဒိုးမတက်ခင် လျှို့ဝှက်ကုဒ်တောင်းမှာပါ။ အဲဒီအခါကျ မိမိပေးခဲ့တဲ့ လျှို့ဝှက်ကုဒ်ပေးလိုက်ရုံပါ။ ဘယ်သူမှကျော်လို့မရတော့ပါဘူး။ Administratorစတဲ့ User password ကျော်နည်း အလျဉ်းသင့်ရင် တင်ပါဦးမယ်ခင်ဗျား။ အားလုံးကို လေးစားလျက်။

0 comments:

Post a Comment