Ads 468x60px

Friday 16 September 2011

ပဲ့တင်သံ

တောထဲတောင်ထဲ တစ်ချိန်တုန်းက သားအဖနှစ်ယောက်တောထဲသွားကြတယ်၊  လမ်းခုလတ်လည်းရောက်ရောသားကချော်လည်းပါလေရော -  ဗိုင်းကနည်းလဲတာဆိုတော့တအားနာမှာပေါ့ - ဒါကြောင့် သားကလေးက “အား” လို့အော်လိုက်တယ် ။ သည်ချိန်မှာ  တောတောင်တနေရာက “အား” ခနဲအောသံကို နားနဲ့ဆတ်ဆတ်ပြန်ကြားလိုက်ရတော့ ကလေးလေးအတော့်ကို  အံအားသင့်သွားတယ် - ဒါနဲ့သူက“ဘယ်သူလည်းဟေ့”လို့အော်လိုက်တယ် ၊ သည်အခါ “ဘယ်သူလည်းဟေ့”
ဆိုတဲ့အဖြေကိုပြန်ကြားရတယ်။ “အလကား အရူး”လို့ ကောင်လေးက  အော်လိုက်ပြန်တဲ့အခါ သူ့နားထဲမှာ “အလကား အရူး ”ဆိုတာဘဲ ပြန်ကြားရတယ်။ဒါနဲ့ကလေးက သူ့အဖေကို ကြည့်ပြီး “အဲဒါဘာဖြစ်နေတာလဲ  ဖေဖေ” လို့မေးပါတယ်။ ဖအေလုပ်သူကပြုံးပြီး ပြန်ပြောတယ် ၊ “
သေချာဂရုစိုက်နားထောင်နော် ငါ့သားတဲ့” ပြီးတော့ ဖအေက အော်လိုက်တယ် ။
“လေးစာပါတယ်ဗျ“  တဲ့၊ သည်အခါ သားလေးရဲ့ နားထဲမှာ တဘက်က“ လေးစားပါတယ်ဗျာ ”
ဆိုတာဘဲပြန်ကြားရတယ် ။ ဖအေက အော်လိုက်ပြန်တယ် “ သိပ်တော်တာဘဲဗျို့ ”
တဘက်ကပြန်ကြားရတာကလည်း  ဖအေ အော်လိုက်တဲ့အတိုင်း “.သိပ်တော်တာဘဲဗျို့”တဲ့
။ ကလေးကအံ့သြနေတယ် ၊  နားမလည်နိုင်အောင်ဖြစ်လို့နေတယ် ။ သည်အခါ
အဖေလုပ်သူကရှင်းပြတယ် …“အဲဒါကို ပဲ့တင်သံလို့ခေါ်တယ် ငါ့သားရဲ့ ၊ ဒါပေမဲ့
အဲဒါဟာ ဘ၀ပါဘဲ သားရယ် ၊ ဘ၀ဆိုတာ ကိုယ်ပြောလိုက်တာ
ကိုယ်လုပ်လိုက်တာအားလုံးကို ပြန်ပေးနေတာချည်းပဲ ၊ ဖေဖေတို့ သားတို့
ဘ၀မှာလည်း ဖေဖေတို့ပြုသမျှ ကာယကံ ၀စီကံတွေ ရောင်ပြန်ဟပ်နေ ပဲ့တင်ထပ် နေ
မှာပဲငါ့သား ၊ အဲဒီတော့ လူးတွေက ငါ့သားကို ချစ်စေချင်ရင် သားကိုယ်တိုင်က
လူးတွေကို ချစ်တတ်မှ ဖြစ်မယ် ၊ သားနဲ့အတူတူတွဲလုပ်နေတဲ့ သူတွေ တော်စေ
ကောင်းစေချင်ရင်  သားကိုယ်တိုင်က တော်နေ ကောင်းနေအောင်
ကြိုးစားပြရလိမ့်မယ် ၊ ဒါဟာ လောကရဲ့ နိယာမပဲ သားရေ ၊
နေရာတိုင်းမှာသည်တိုင်းပဲ ၊ ကိုယ်ပေးသလောက် ကိုယ်ကပြန်ရမှာ ၊
ကိုယ်စိုက်သလောက် ကိုယ်ရိပ်သိမ်းရမှာဘဲ ငါ့သား …”

1 comments:

  1. Merkur Slots Machines - SEGATIC PLAY - Singapore
    Merkur Slot Machines. 5 star 바카라 사이트 rating. The Merkur Casino game was gri-go.com the https://jancasino.com/review/merit-casino/ first to feature video https://septcasino.com/review/merit-casino/ slots in the entire casino, septcasino.com

    ReplyDelete