Ads 468x60px

Tuesday 27 September 2011

အလွမ်းဖိတ်စာ

မျှော်လင့်ခြင်းတချို့က နှုတ်ဆက်
မှုန်ပြပြ အလင်းရောင်လေးတွေ
ခပ်ရေးရေး အငွေ့အသက်တွေ
အားလုံးပျောက်ဆုံးသွား
အား ငါ့ညတွေမှောင်လိုက်တာ ××××××××
မခေါ်ဘဲလာခဲ့ သလို
မနှင်ဘဲပြန်ခဲ့သူ
တွယ်တာလွယ်တဲ့ ငါကမှားတာလား
နွယ်လာခဲ့သူ နင်က ပဲ
ထားရက်တာလားမပြောတတ်တော့ပါဘူးကွာ ××××××××
ပျော်နေတာမြင်ရင်ကျေနပ်သူ
ဆုတစ်ခုပေးသနားမယ်ဆိုရင်လည်း
ဒီဘဝ
မြင့်မြင့်မြတ်မြတ် ပေးဆပ်သူဖြစ်ရပါစေဟာ ××××××××
အလိမ္မာတွေသုံး
မာယာဆိုတဲ့ အဲ့ဒီမြစ်ကြီးထဲမှာ
ငါမြင်တွေ့ရတာ ရိုးသားလွန်းတဲ့
မင်းရဲ့ မျက်ဝန်းတွေ
ငါ့ကိုယ်ငါတောင် တော်တော်ရှက်မိပါတယ် ××××××××
ရင်းနှီးလွန်းတဲ့ အထိအတွေ့
ရိုးသားလွန်းတဲ့မျက်ဝန်း
တွဲဖက်အဓိပ္ပါယ်မဖော်တတ်လေတော့
အရှုံးဆိုတာကိုယူရမလား
အမုန်းဆိုတာကိုယူရမှာလား
မမျှော်လင့်ရဲသလောက်ပါပဲလေ ××××××××
ငါ့ရင်တံခါးကိုလာခေါက်
ဖွင့်ပေးမယ်ကြံတော့မှာ
အော်လိုက်သံကြားရတယ်
"အလွမ်းဖိတ်စာ"လာပို့တာတဲ့ ××××××××
                         
                                           (ဘူစပ်တာပါလိမ့်)

0 comments:

Post a Comment