Ads 468x60px

Thursday 29 September 2011

ကင်ဆာရောဂါနှင့် သင်္ဘောရွက်


လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်ကဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွှန်တော် အယ်ဒီတာချုပ်အဖြစ်တာဝန်ထန်းဆောင်နေချိန်ကဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာဝန်ကြီးဒေါက်တာ တင်အောင်သည် ကျွှန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုပြောပြသွားသည်။ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည်ရန်ကုန်ဆေးရုံကြီးဓါတ်ရောင်ခြညိဌာနတွင်တာဝန်ခံ ဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
“ ကင်ဆာနဲ့ပတ်သက်တဲ့ထူးခြားတဲ့ ကိုယ်တွေ့ဖြစ် ရပ်တစ်ခုကိုကျွှန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွှန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင်ဆရာတော်တစ်ပါးရောက်လာတယ်။ ဆရာတော်က ကင်ဆာရနေလို့ဓါတ်ရောင်ခြည်ကင်ဖို့သက်ဆိုင်ရာဆရာဝန်ကြီးများရဲ့ညွှန်ကြားချက်လည်းပါလာတယ်။ ကျွှန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။”
“ အဲ့ဒီလိုနေလာရာက ၃ လကျော် လောက်အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွှန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရောဂါ
ပျောက်ကင်နေတာကို တွေ့ရတယ်။ ကျွှန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ “ ဆရာတော်ဒီကြားထဲ ဘာဆေးတွေသောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က
သင်္ဘောရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်” လို့ပြောပြ
တယ်။ ဒီနောက် ဆရာတော်လည်းဝမ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက်အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျ
တော့မပြောနိုင်ဘူး။ ဆေးသိပ္ပံ သဘောအရတစ်ဦးတစ်ယောက်သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုးံပျောက်လိမ့်မယ်လို့ ကောက်ချက်ချမပြော နိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ကင်ဆာလူနာပေါင်းများစွာကိုစမ်းသပ်ကြည့်ပြီး
ပျောက်မှအတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်
ကြီးဒေါ်က်တာ တင်အောင်က ပြောပြခဲ့သည်။ကျွှန်တော်လည်း ထိုစဉ်ကပင် သင်္ဘော ရွက်စိမ်းအာနိသင်ကိုသတိပြုမိသည်။
၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီးဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါ နှင့် သင်္ဘောရွက်အကြောင်း သူ၏
ပြောပြချက်ကိုမေ့မေ့ပျောက်ပျောက်ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့
မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန်
တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင် မှတဆင့်ကျွှန်တော့်ကိုပေးလိုက်သည်။
ဤလက်ကမ်းစာစောင်တွင် “ ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက် “ဟူ
သော ဆောင်းပါးတစ်ပုဒ်ပါလာသည်။ ရေးသာတင်ပြသူမှာ ဒေါက်တာ ခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
ကျွှန်တော် ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံလင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်
ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်
အကြောင်းပြောကြားချက်ကို သတိရကာ အများပြည်သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။
ကျွှန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာလည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်းမဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤဆောင်းပါးတို့သည် ကင်ဆာရောဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော
အတိုင်းအတာအထိ အကျိုးပြုနိုင်လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု
တင်ပြအပ်ပါသည်။
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန် တင်ပြသော ဆောင်းပါး အပြည့်အစုံ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ “ သင်္ဘောပင်ကို အပူပိုင်းအမေရိကန်နိုင်ငံ တွင်စတင်စိုက်ပျိုးနေကြသည်။ လက်တင်ဘာသာ
အားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့်နယူးဇီလန်တွင် ပေါပေါ
ဟုခေါ်ဆိုသည်။ မြောက်အမေရိက ရှိ လက်တင်ဘာသာအားဖြင့် ( Asimina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်း ကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုးံဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအားကင်ဆာရောဂါပျောက်စေပါသည်။
စာရေးဆရာ ( Harold Tieze ) က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည် နှင့် ကင်ဆာပျောက်ကင်းသူတို့၏ ဇာတ်လမ်း တို့ကို အတိအကျ ရေးသား ထားသည်။
ဤစာအုပ်တွင်ရွှေကမ်းခြေလက်ကမ်းစာစောင်တွင်ပါရှိသောအောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက်သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံ မူကိုအား ပေးကြသည်။ လွန်ခဲ့သော ၁၄- နှစ်ကဤအရပ်နေသူသည် ကင်ဆာရောဂါ
ပျောက်ကြောင်းအရွက်၏ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင်ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကိုသောက်ခြင်းဖြင့် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ် ရာကင်ဆာ ရောဂါအဆတစ်သောင်းခန့် ထက်မြက်သွားပါသည်။ မစ္စတာရှယ်တန်က ဤ တွေ့ရှိမူသည် ကျွန်ုပ် ကိုသောက် သုးံရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ်နှစ်လ စမ်းသောက်ကြည့်သည်။ကျွန်ုပ်သည် တီဘီရောဂါကိုဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟုပြောပါသည်။ထို့နှင့်ကျွန်ုပ်က အထူးကုတို့အားပြောကြားရား၎င်းတို့က မယုံကြချေ။ နောက်ဆုးံ ခေါင်းကိုကုတ် ပြီးကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘောရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည်ဘယ်တော့မှပြန်လည်မဖြစ်
ပေါ်ခဲ့ပါ။
ရှယ်တန်၏ ဇနီးသည် ကင်ဆာပျောက်ကြောင်းဆေးမြီးတိုတို့ကို အခြားဝေဒနာ
သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင်နှစ်နာရာကြာဒယ်အိုးထဲတွင်ပြုတ်ထား
ရပါသည်။ သို့သော် ရေခဲသေတ္တာထဲတွင်ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါ အတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အားပေးခဲ့ပါသည်။အဘယ်
ကြောင့်ဆိုသော်ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့်သေမည့်လူတို့သည်ယခုအခါ
အသက်ရှင်နေကြသည်။ ထို့ကြောင့်သင်္ဘောရွက်ကုထုံးသည် ကင်ဆာကိုတကယ်
ပျောက်ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက် အလတ်စားတို့ကို ဆေးကြောပြီး
ဂေါ်ဖီကဲ့သို့တောက်တောက်စဉ်းကာဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့်ပြုတ်ပါ။ အဖုးံ
ဖွင့်ပါ။ ၄ခွက် ၂ခွက်တင်ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။
ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄ရက်ခံမည်။အကယ်၍ နောက်ကျသွားပါက
စွန်းပစ်လိုက်ပါ။စားပွဲဇွန်းသုးံဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။
ဤသင်္ဘောရွက်ကုထုးံဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုးံများထက် ပိုမိုဆန်းပြားသည်။ R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။
ကင်ဆာရောဂါဖြင့်သေလုဆဲဆဲဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်
ရည်နှင့်ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင်သူတစ်ယောက်တွင်
ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွှန်ုပ်က တောစာများ၊
လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန်
ပြောကြားပြီးသင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာသောက်စေ သည်။
ထိုတောင်သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်း သွားသည်။ အရွက်တို့ကို အခြောက်လှန်း၊ အမှုန့်ထောင်းပါကပိုမိုစွမ်းပါသည်။
ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထု ထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက်ကုန် ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်
အတွင်းရှိ ATP ထုတ်လုပ်မူများကိုမျှတစေပါသည်။ ဤသို့အားဖြင့် ကင်ဆာဆဲလ် များဖြင့် သွေးကြောများရှင်သန် မှုတို့ကို Acetogenin ဖျက်ဆီးပစ်ပါသည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာ ကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင်
ပံ့ပိုးကူညီပါသည်။
၁၉၇၆-ခု၊ ဒေါက်တာမက်လလင်း၊ပါကျူးတက္ကသိုလ်ပါမောက္ခ သည် အမျိုး
သားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ကင်ဆာထိရောက်မှု
ကိုစမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။
၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်
များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကိုတိုက်ဖျက်ပါသည်။ ထို့ပြင် လူနာ အားဆေး ကြောင့် ဒုက္ခမဖြစ်စေပါ။ အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို
ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတုနှင့်ဓါတ်ရောင်ခြည်ကုထုးံတို့တွင်
ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ဘေးထွက်ဆိုးကျိုးမရှိပါ။
ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလားတူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့်အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွ ဆေးပြား ဖြင့်ပူးတွဲအသုံးပြု
နိုင်သည်။ Laetrine ဆေးကိုမှီဝဲ သောကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်
နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည်
ကင်ဆာဆဲလ် တို့ကို ဖယ်ရှားပေးသည်။
ထိုကြောင့်အစေ့အတွင်းရှိ B-17 သည်အလုပ်လုပ်နိုင်သည်။တုပ်ကွေးရောဂါနှင့် ပတ်သက်၍ကျောင်းသားတစ်ဦး မှသိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတို ကို လိုက်ရှာရာ သင်္ဘောရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေး
ကိုမှီဝဲပြီးနောက် သွေးအဆင့် ၁၃၅ -အထိ မြင့်တက်သွားကြောင်း ၊ ဆရာဝန်တို့
တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည်
တစ်မြို့လုံးပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို
ဆေးကြောထုထောင်းစစ်ချရမည်။ထိုအခါ အရွက်တစ်ရွက်လျှင်စားပွဲဇွန်း ၁-ရမည်။
တစ်နေ့လျှင် ၂-ဇွန်မှီဝဲပါ။ ပြုတ်ခြင်း၊အပူပေးခြင်း မပြုလုပ်ပါနှင့်။ဆေးအာနိသင်ပြယ်
တတ်သည်။အရွက်ဖွားဖွားကိုရွေးပါ။အလွန်ခါးသဖြင့်နှာခေါင်းပိတ်ပြီးမျိုရမည်။
နောက်ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင်
လွန်ခဲ့သောနှစ်ကတုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာမြင့်ပေးရန်ပြောသည်။
ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်းနေရသည်။ ၎င်း၏
သွေးဥတို့သည် ၂၈၀၀၁ သို့ ၃ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမဖြစ်သူ
က သင်္ဘောရွက်ရည် တိုက်ပြီးကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃ရက်အတွင်းပိန်းကြာရွက်တွင်ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့
ရောက်၏။ထူးခြားသည်မှာ သင်္ဘောရွက်သည် တုပ်ကွေးရောဂါဖြစ်သူအားအပူငြိမ်း
စေကာ အေးမြမှုကိုပေးပါသည်။ ထို့ကြောင့် အကြင်သူတစ်ယောက်တွင် လည်ချောင်းရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ သို့အတွက်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့သင်္ဘောရွက်ကိုမွှေစက်ထဲသို့ထည့်ပြီးညှစ်၍သုးံ
ဆောင်ကြပါလေ။
ဒေါက်တာ ခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ဘာသာပြန်ဆိုတင်ပြချက်ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်းကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကိုစကားစပ်မိရင်း ပြောပြသည်။
ဆရာတက္ကသိုလ် ၀င်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ
လည်ပင်းကြီးရောဂါရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦး အားပြောပြသည်။
သင်္ဘောရွက်စိမ်းကို ထောင်းထု၍အရည်ညှစ်သောက်ကြည့်စေသည်။
ဆရာတက္ကသိုလ်ဝင်းမွန် က “ ဆရာဝင်းရေ၊ အဲဒီမိန်းကလေး ရဲ့လည်ပင်းကြီး
ရောဂါဟာသိသိသာသာလျော့ကျသွားတယ်” ဟူ၍ဖုန်းဆက်ပြောသည်။
သင်္ဘောရွက်စိမ်းကတော့ တစ်နည်း မဟုတ်တစ်နည်းအာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။ ကျွှန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။
ကျန်းမာပေါ့ပါးဖျတ်လတ် ၍တစ်နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာ
အလုပ်ကိုလုပ်နိုင်နေပါသည်။
ကျွှန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကိုရေနွေးဖြော၍ မကြာခဏ
တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်းမစားဖြစ်သော နေ့ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။
ဖတ်မိသမျှကို ထပ်ဆင့်၍မျှဝေ လိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစား မူမှလျှော့ပါးကြပါစေ။

0 comments:

Post a Comment