Ads 468x60px

Sunday 16 October 2011

အသက်ရှည်ဖို့ နည်းလမ်းတစ်ချို့

အောက်မှာပါတဲ့အကြောင်းအရာလေးတွေ
ကတော့မှတ်သားလိုက်နာစရာကောင်းမယ်လို့ထင်ပါတယ်..ကျန်းမာရေးဆိုတာ
လူတိုင်းလေ့လာလိုက်စားသင့်တဲ့ အရာတစ်ခုပါ...ကျန်းမာပျော်ရွှင်မှသာ
အောင်မြင်မှုချမ်းသာမှု
ပညာရေးစီးပွားရေးလူမှုရေးဘာသာရေးအစရှိတဲ့မိမိလိုချင်တဲ့ပန်းတိုင်ကို
အရောက်လှမ်းနိုင်မှာပါ...
အားလုံးဘဲကျန်းမာပျော်ရွှင်အောင်မြင်ကြပါစေ....



(၁)ရေအေးနဲ့ရေချိုးပါ။



London'sBromptonဆေးရုံမှလေ့လာမှုများအရရေအေးနဲ့ရေချိုးတာဟာသင်ရဲ့နှလုံးနဲ့အဆုတ်လုပ်ဆောင်ချက်ပိုကောင်းမွန်ပြီး
ခုခံအားတွေလည်းပိုမြင့်မားကာနှလုံးတိုက်ခိုက်ခံရနိုင်ခြေလျော့နည်းတယ်လို့သိရပါတယ်။ရေနွေးနဲ့ရေချိုးအပြီးရေအေးနဲ့နှစ်
မိနစ်ခန့်ရေချိုးတာဟာအကောင်းဆုံးလို့ဆိုပါတယ်။

(၂) အိမ်မွေးတိရစ္ဆာန်တွေမွေးပါ။


ခွေးဒါမှမဟုတ်ကြောင်တွေပိုင်ဆိုင်တဲ့မိသားစုတွေမှာစိတ်ဖိစီးမှုလျော့နည်းပြီးကြောင်၊ခွေးတွေမပိုင်ဆိုင်တဲ့မိသားစုတွေထက်ဆေး
ခန်းပြသမှုနည်းတယ်လို့Cambridgeတက္ကသိုလ်မှလေ့လာမှုများအရသိရပါတယ်။အိမ်မွေးတိရစ္ဆာန်တွေကြောင့်သင့်စိတ်ကိုပျော်ရွှင်
စေပြီးစိတ်ဖိစီးမှုနည်းစေတဲ့အတွက်သွေးပေါင်ချိန်လျော့နည်းစေတယ်လို့ဆိုပါတယ်။ခွေးတွေမွေးတာအကောင်းဆုံးဖြစ်ပြီးရေကန်ထဲ
မှာ ရွှေငါးမွေး တာဟာလည်းကျန်းမာရေး အတွက်ကောင်းတယ်လို့ဆိုပါတယ်။

(၃) စစ်တုရင်ကစားပါ။


စစ်တုရင်နဲ့crosswordလိုမျိုးဦးနှောက်လေ့ကျင့်ရတဲ့ကစားနည်းတွေကိုကစားရင်ဦးနှောက်အားသိသိသာသာကောင်းမွန်တယ်လို့
ဆိုပါတယ်။

(၄) လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။


ဂျပန်မှလေ့လာသူတွေကလက်ဖက်ရည်ကြမ်း(GreenTea)သောက်သူတွေဟာအသက်ရှည်ပြီးအဆုတ်ကင်ဆာနဲ့လေဖြတ်ရောဂါဖြစ်
နိုင်ချေနည်းတယ်လို့ဆိုပါတယ်။ လက်ဖက်ရည်ဟာသွေးတွင်းကိုလက်စထရောနဲ့
သွေးပေါင်ချိန်လျော့စေလို့ဆိုပါတယ်။

(၅) ဘာသာရေးကိုင်းရှိုင်းပါ။


Edinburghတက္ကသိုလ်မှစိတ်ရောဂါကုဆရာဝန်ကဘာသာရေးကိုင်းရှိုင်းပါကသင်စိတ်ပျော်ရွှင်မှုရစေပြီးအသက်ရှည်စေတယ်လို့
ဆိုပါတယ်။

(၆) ကြိုးခုန်ပါ။


Nottinghamတက္ကသိုလ်မှလေ့လာသူတွေကတစ်နေ့ကိုအကြိမ်၅၀ကြိုးခုန်တဲ့အမျိုးသမီးတွေကအသက်ရှည်ရှည်နေနိုင်တယ်လို့
ဆိုပါတယ်။ကြိုးခုန်တာကြောင့်နှလုံးသန်မာပြီးနှလုံးသွေးကြောရောဂါကိုကာကွယ်ပါတယ်။အရိုးသိပ်သည်းဆလည်းမြင့်မားပြီး
အရိုးပါးရောဂါမှလည်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၇) လောင်းကစားတာတွေရပ်ပါ။

စိတ်ရောဂါပညာရှင်တွေကသင့်မှာရုပ်ဝတ္တုပိုင်ဆိုင်မှုတွေနည်းလေအသက်ပိုရှည်လေလို့ဆိုပါတယ်။ငွေနဲ့ပျော်ရွှင်မှုကိုဝယ်လို့မရဘူး
ဆိုတာကိုသိထားဖို့လိုပါတယ်။ အရမ်းချမ်းသာသူတွေဟာပိုပြီးငယ်ငယ်ရွယ်ရွယ်နဲ့
အသက်သေဆုံးနိုင်တယ်လို့ စစ်တမ်းများအရ
သိရပါတယ်။ အသက်ရှည်ဖို့အရေးကြီးသော့ချက်ဖြစ်တဲ့အကောင်းမြင်ဝါဒကိုကျင့်သုံးပါ။



(၂၀၀၈ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့ထုတ် Good Health ဂျာနယ်တွင်ဖော်ပြထားပါသည်။)

0 comments:

Post a Comment