Ads 468x60px

Saturday 17 September 2011

Gmail Lock ကျသူတွေအတွက်



ကဲဗျာ အခုတလော ချက်ရူးမှာ ဂျီမေးက လောကျသွားတာ ဘယ်လိုပြန်လုပ်ရမလည်းဆိုတာတွေ မေးတာများလာလို့ဒီပိုံလေး ကိုပြန်လယ်ကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။ပြောနေကြာပါတယ်ဗျာ အခုပဲ မိတ္တူကူးပြီးပြန်တင်ပေးလိုက်မယ်နော်

မင်္ဂလာပါ



  ဘော်ဒါတွေကို မဖြစ်သေးတဲ့ လူရော ဖြစ်ပြီးသွားတဲ့ လူတွေရော

အားလုံး အဆင်ပြေစေချင်တဲ့  စေတနာ လေးနဲ့ ပေါ့ဗျာ ဒီပို့ စ်
ကိုတင်ပေးလိုက်ပါတယ်။



အရေးတကြီး ပြောချင်လာတာလေး ရှိလို့ အခုလို ပိုစ့်ကိုရေးလိုက်တာပါ၊ ပြီးခဲ့တဲ့ ၎
ရက်နေ့ ညနေက အလုပ်သွားခါနီး Computer ပိတ်မယ်လုပ်နေတုန်း သူငယ်ချင်းတစ်ယောက်ဆီက No
Subject နဲ့ မေလ်းတစ်စောင် ဝင်လာပါတယ်၊ ကျွန်တော် Email ကို ပိတ်မယ်
ပြင်ဆင်နေတုန်းမှာ ဝင်လာတာမို့ ဖွင့်ကြည့်လိုက်မိတော့ အဲဒီ့ No Subject နဲ့
မေလ်းမှာ Link တစ်ခုပါလာတာကို တွေ့ရပါတယ်၊ အဲ့ဒီ့ Link က
ကျွန်တော်မှတ်မိသလောက်တော့ www.celebrianpicture/mas5.html ဆိုတဲ့ Link ပါ၊ ဘာ
Website ရဲ့ Link မှန်းမသိတာနဲ့ ကျွန်တော် ဖွင့်ကြည့်လိုက်မိတယ်၊ ဖွင့်လိုက်တဲ့
အခါ Browser Tab တစ်ခု တက်လာပြီး ဘာမှ ဆက်တက်မလာတော့ပါဘူး၊ ကျွန်တော်လည်း
ဘာမှန်းမသိလို့ ပြန်ပိတ်လိုက်ပြီး စက်ပိတ်မယ် အလုပ်မှာ ဒီ Link ကို ပို့လိုက်တဲ့
ကျွန်တော့်သူငယ်ချင်းက Gtalk ပေါ်တက်လာပါတယ်။ သူ Gtalk Status မှာ တင်ထားတာကို
မြင်တော့ ကျွန်တော် မျက်လုံးပြူးသွား မိတယ်၊ အဲဒါက ဘာလဲဆိုတော့ သူ့
အီမေလ်းလိပ်စာနဲ့ No Subject နဲ့ Link တစ်ခုပါတဲ့ မေလ်းတစ်စောင် ဝင်လာခဲ့ရင်၊
အဲဒီ့မေလ်းမှာပါလာတဲ့ Link ကို လုံးဝ (လုံးဝ) မဖွင့်ပါနဲ့ ဆိုတဲ့ Status Message
ကို တင်ထားတာပါ။



အဲဒါနဲ့ ကျွန်တော်လည်း သူ့ဆီ ချက်ခြင်း ဖုံးခေါ်လိုက်တော့ သူက Gtalk, Gmail
Passwords တွေနဲ့ Facebook, twister စတဲ့ အခြားသော Password တွေကို အမြန်ဆုံး
Change ပစ်ဖို့ ပြောပါတယ်၊ သူက ဆက်ပြောပြတာက သူဆီကိုလည်း သူငယ်ချင်းတစ်ယောက်ဆီက No
Subject နဲ့ Link တစ်ခု ဝင်လာလို့ ဖွင့်ကြည့်လိုက်မိတယ်ဆိုတဲ့ အကြောင်း၊ အဲဒါ
Spammer တွေက ပို့တဲ့ Virus Link ဖြစ်နိုင်ကြောင်း၊ ဖွင့်ကြည့်မိသူအနေနဲ့
မကြာခင်မှာပဲ gmail, hotmail နဲ့ အခြား password တွေ Hack ခံရသလိုပုံစံမျိုး lock
ကျပြီး ပြန်ဝင်မရ ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ သူ့စကားကို
နားထောင်အပြီးမှာ ကျွန်တော် Password တွေအကုန် Change ပစ်လိုက်ပါတယ်။ ကျွန်တော်
အချိန်မှီ ပြောင်းပစ်လိုက်နိုင်လို့လားတော့ မသိပါဘူး ကျွန်တော့် ဆီက
ဘာမေလ်းလိပ်စာမှ Lock မကျသွားခဲ့ဘူး၊ အချိန်မီ သွားလို့ ထင်ပါရဲ့။



ကျွန်တော် Link ကို သွားဖွင့်မိခဲ့တာမို့ ကျွန်တော့် မေလ်းလိပ်စာထဲက
အခြားသူငယ်ချင်းတွေဆီ အလိုလိုသွားပို့နေမှာ စိုးတာနဲ့ သတိပေးတဲ့ Email တစ်စောင်
ရေးပြီး ပို့လိုက်ပါတယ်။ ဒါပေမယ့် ၂ ရက်လောက်အကြာမှာ ကျွန်တော့် Contact list ထဲက
သူငယ်ချင်းတစ်ယောက်ဆီက အလားတူ No Subject နဲ့ http://studioingegnatti.it/mas5.html
မေလ်းတစ်စောင် ထပ်ဝင်လာပြန်ပါတယ်၊ ကျွန်တော်က No Subject နဲ့ မို့
သတိထားဖွင့်ကြည့်လိုက်တဲ့အခါ Link ရဲ့အရှေ့က Website အမည်သာ ပြောင်းသွားပြီး
/mas5.html ဆိုတဲ့ Link က ပြောင်းလဲ မသွားပဲ ထပ်ပါလာသေးတယ်၊ အဲဒါနဲ့ ကျွန်တော်
တစ်ခါတည်း ဖျက်ချလိုက်ပါတယ်။ အဲနေ့ညနေမှာ ကျွန်တော်သိလိုက်ရတာကတော့ သူလည်း gmail
password lock ကျသွားပြီး ပြန်ဖွင့်မရတော့ပါဘူး၊ Forgot Password နဲ့
ပြန်ကြိုးစားတာလည်း အဆင်မပြေတော့ပါဘူး။ အဲလို Link မျိုးတွေ Email Users တွေကြားထဲ
ဘယ်လောက် ပြန့်နှံ့နေမယ်တာ မခန့်မှန်းနိုင်ပါဘူး၊ ဒီအကြောင်းကို Googling
လုပ်ကြည့်တဲ့ အခါ Forums တွေမှာ အလားတူပြဿနာတွေကို ပြောပြ၊ မေးမြန်း
အကူအညီတောင်းထားတာတွေ တွေ့လိုက်ရပါတယ်၊ gmail, hotmail နဲ့ yahoo mail တွေ
စုံနေအောင်ပါပဲ။ Spammer တွေ၊ Hacker တွေက လုပ်ဆောင်တယ်လို့ ယူဆလို့ရတယ် စသည်ဖြင့်
ဖြေကြားထားတာ၊ passwords ပြောင်းလဲပစ်ဖို့ အကြံပေးထားတာတွေ တွေ့ရပါတယ်။



အရေးတကြီးမှာကြား၊ သတိပေးချင်မိတာက ဘာခေါင်းစဉ်တပ်လို့၊ ဘာနာမည်ပေးထားတဲ့ မသိတဲ့
Spam လိုလို၊ Virus လိုလိုအရာဟာ No Subject Title နဲ့ ကိုယ့်ဆီကို ဝင်လာပြီး အရှေက
Website name နေရာမှာ .net, .org, .it, .com စပြီး (/) အနောက်မှာ mas5.html နဲ့
ဆုံးတဲ့ Link တစ်ခု ပါလာရင် လုံးဝ (လုံးဝ) Link ကို ဖွင့်မကြည့်ပါနဲ့။ ချက်ခြင်း
Delete လုပ်ပစ်ပါ။ တကယ်လို့ ဖွင့်မိခဲ့တယ်ဆိုရင် ကိုယ့်ရဲ့ Email Login password
တွေကို အမြန်ဆုံးပြောင်းပစ်ပါ၊ ကိုယ့် Mail Contact List ထဲမှာ ရှိတဲ့ ကိုယ်နဲ့
လက်လှမ်းမီရာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ သတိပေးပြီး အလားတူမေလ်းမျိုးရောက်လာရင်
ဖွင့်မကြည့်မိဖို့ သတိပေးသင့်ပါတယ်။ နောက်တစ်ခု ပြောပြအကြံပေးလိုတာကတော့ မိမိဆီကို
ဝင်လာသမျှ Email တွေမှာ No Subject နဲ့ ဝင်လာပြီး ဘာမှန်းသေချာမသိတဲ့ Website Link
တွေဆိုရင် အလောတကြီး ဖွင့်မကြည့်မိဖို့ပါပဲ။ ကိုယ့်ဆီက ကိုယ်ရေးကိုယ်တာ၊ အရေးတကြီး
အချက်အလက်တွေ၊ Password တွေ၊ Mail Address တွေ မပျက်ဆီးအောင်၊ အခိုးမခံရအောင်
ဂရုစိုက်နိုင်ပါစေ ... ။



သူငယ်ချင်းတို့  ဒီလိုမျိုးဖြစ် Gtalk မှာ ဖြစ်လာပြီဆိုရင် http://www.4shared.com/file/xioLLNQZ/ChromeCleaner.html




အဲ့ လင့်လေးမှာ သွားဒေါင်းလိုက်ပါ။ ပုံတွေဘာတွေနဲ့  ရှင်းပြထားပါတယ်။



Password တောင်းလာတဲ့ အခါ ကျရင် chr2712ok အဲ့ တာလေးကိုထည့်ပေးလိုက်ပါ။



တကယ်လို့ များ အဲ့ တာနဲ့ ဖြေရှင်းလို့  အဆင်မပြေသေးဘူးဆိုရင်တော့ al.lwanlay@gmail.com

ကို add ပြီးတော့ မေးမြန်းနိုင်ပါတယ်ခင်ဗျ။





ဖော်ဝက် မေးထဲကနေမှ တဆင့် ကျွန်တော်ဖြစ်ထားတာလေးတွေကို Edit
ပြန်လုပ်ပေးလိုက်တာပါ။



ဒီ နေရာလေးကပါ။


Click the link below to read the entry:
http://grou.ps/anyartar/blogs/item/ဂျီမေး-လော့ကျသူတွေ

0 comments:

Post a Comment