Ads 468x60px

Thursday 29 September 2011

အသားရည်လှပအောင်စားခြင်း


“အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့်အတိုင်း အစာအဟာရဖြင့် ကျမတို့ရဲ့ အသားအရည်ကို ထိန်းသိမ်းကြရအောင်နော်..။နိုင်ငံခြားဖြစ် Skin Cream နဲ့ Lotion များကို အသုံးပြုခြင်းဖြင့် အရေပြားရဲ့အပေါ်ယံအလှအပကို ပြုပြင်ပြောင်းလဲယူနိုင်ပါတယ် ။ ဒါပေမဲ့ အရေပြားအောက်လွှာနဲ့ ခန္ဓာကိုယ်ကျန်းမာလှပအောင်တော့ အစားအသောက်နဲ့ပဲ ပြုပြင်ယူကြရပါမယ်။ အာဟာရလည်းဖြစ်၊အရသာလည်းရှိမဲ့ အစာများကို စားသောက်ရင်း ပျိုပျိုမေတို့ လှသထက် လှစေဖို့ အောက်ပါအစားအစာများကို စံနစ်တကျ စားကြရအောင်လား။

အသားအရည်လှပဖို့ အစားအသောက်ရွေးချယ်ရာမှာ လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ သစ်သီးဝလံများကို စားသုံးရပါမယ်၊ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားသော နို့၊ ဒိန်ချဉ်၊ နှင့် Cheese များကိုလည်း စားသောက်နိုင်ပါတယ်၊ အချိုဓာတ်နဲ့ အငံဓာတ်များကို လျှော့ပြီးသုံးဆောင်ခြင်းက ကျန်းမာကြည်လင်တဲ့ အရေပြားအလှကို ရစေပါတယ်။ ကျန်းမာတဲ့အရေပြားအတွက် မရှိမဖြစ်လိုအပ်တဲ့အရာများကတော့ ..
(၁)ရေဓာတ်။ ။အလိုအပ်ဆုံး မရှိမဖြစ်ကတော့ “ရေ”ပါပဲ။ ရေကို တနေ့မှာ အနည်းဆုံး ၂လီတာ(ရေသန့်၂ပုလင်းလောက်) သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အရေပြားစင်ကြယ်လှပမှုအတွက် ပြည့်စုံလုံလောက်မှာဖြစ်ပါတယ်။
(၂)အမျှင်ဓာတ်။ ။အမျှင်ဓာတ်ပါသော အစားအစာများကတော့ ဟင်းနုနွယ်၊ ဘူးညွန့်၊ ကြာရိုးဟင်းခါး၊ ရုန်းပုဒေသီး၊ သဘောင်္သီး၊ တို့ပဲဖြစ်ပါတယ်။ အမျှင်ဓာတ်ပါသော အစာများကို စားသုံးခြင်းဖြင့် သင်၏ အသားအရေကို စင်ကြယ်စေပြီး ဝင်းပစေပါတယ်။
(၃)ဗီတာမင်-အေ။ ။ဗီတာမင်-အေ ဟာ အသားအရည်ပျက်စီးခြင်း၊ အရေပြားကွဲအက်ခြောက်သွေ့ခြင်း၊အရေပြားယားယံတတ်သူများအတွက် ဖြစ်ပြီး ထိုသူများဟာ အရေပြားရဲ့ elasticity လျော့ပါးတဲ့သူတွေပဲဖြစ်ပါတယ်။ စားသုံးသင့်သည့် အစားအစာများကတော့ မုန်လာဥနီ၊ တရုတ်ဆီးသီး၊ ဂေါ်ဖီပန်းပွင့်၊ တို့ပဲဖြစ်ပါတယ်။
(၄)ဗီတာမင်-စီ။ ။သင့်အသားအရေ တင်းတင်းရင်းရင်းရှိစေဖို့ အချဉ်အရသာရှိတဲ့ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ရှောက်ချိုသီး၊သိမ္မော်သီး၊နှင့် ဟင်းသီးဟင်းရွက်များအနေနဲ့ မုန်လာထုပ်၊ ဂေါ်ဖီထုပ်၊ ကန်ဇွန်းရွက်တို့ကို စားသင့်ပါတယ်။
(၅)ဗီတာမင်-အီး။ ။အိုမင်းရင့်ရော်စေတဲ့ molecules တွေကို ရပ်တန့်ဖို့အတွက် “ဗီတာမင်-အီး”သောက်ဆေးများကို သောက်သုံးခြင်းဖြင့် အရွယ်ကိုနုပျိုစေပါတယ်။အစားအစာများအနေနဲ့ကတော့ သီဟိုစေ့၊ သစ်အယ်သီး၊ သစ်ချသီး၊ဂျုံစေ့၊ နေကြာစေ့နဲ့ဖရုံစေ့တို့ပဲဖြစ်ပါတယ်။
(၆)ဇင့်ဓာတ်။ ။Zinc ဓာတ်ကတော့ Vitamin A နဲ့တူပါတယ်။ Collagen နဲ့ Elastin တွေကို ထုတ်ပေးပါတယ်၊ အဲဒီအမျှင်တွေက သင့်အရေပြားကို သန်စွမ်းပြီး တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ အသားအရေ လျော့ရဲခြင်းကို ကာကွယ်ပေးပါတယ်။
အသားများကိုတော့ သင့်သလို စားသောက်နိုင်ပါတယ်၊ ခြေ၄ချောင်း(သားကြီး၊ငါးကြီး)မစားတဲ့ ကျမကတော့ ကြက်သားနဲ့ sea food ဖြစ်တဲ့ ငါးကင်၊ပုဇွန်ကင်တို့ကိုပဲ အလှည့်ကျစားလေ့ရှိပါတယ်။
မိန်းခလေးအတော်များများဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ခြင်းမျိုးမဟုတ်ပဲ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အလွန်အကျွံလေ့ကျင့်ခန်းများကို လုပ်လေ့ရှိခြင်းနှင့် အစားလျှော့စားခြင်းများကို အယူမှားပြီးလုပ်လေ့ရှိပါတယ်။အလွန်အကျွံ Diet လုပ်ခြင်းက Weight ကျစေခြင်းက Weight ကျစေပေမဲ့ အကြောတွေပြတ်ထွက်တတ်ပါတယ်။ အရွယ်ကျစေပြီး မျက်နှာနဲ့တစ်ကိုယ်လုံးက အရေပြားကို လျော့ရဲရဲဖြစ်စေပါတယ်။ မျက်နှာမှာလည်း အရေးကြောင်းများ မျက်လုံးတဝိုက်နဲ့ နှုတ်ခမ်း၊ ပါးပြင်တို့မှာ ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Weight ချမယ်ဆိုရင် မှန်မှန်ကန်ကန်နည်းနဲ့ ပြုလုပ်ခြင်းက အသားအရည်ကို မပျက်စီးစေပါဘူး၊ “ပိန်သွားပါတယ်...ဒါပေမဲ့ အရွယ်ကျသွားလိုက်တာ”..လို့ အပြောမခံချင်ဘူးမဟုတ်လား၊ လှချင်လို့ Diet လုပ်ပါတယ်၊ “အိုစာသွားလိုက်တာ”လို့ အပြောမခံရလေအောင် အထက်ပါ Vitamins များပြည့်စုံလုံလောက်အောင် စားသုံးခြင်းဖြင့် ပြုပြင်ယူရပါမယ်။ ကျမကတော့ အသားအရေနဲ့ ခန္ဓာကိုယ်အလှကို အစားချိန်၍ စားခြင်းနည်းဖြင့်သာ ပြုပြင်ယူပါတယ်၊ ကျမရဲ့ယုံကြည်ချက်တခုကတော့ “လှဖို့ထက် ကျန်းမာဖို့” ကသာ အဓိကမို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဟာရဖြစ်စေမဲ့ အစားအစာများကို စားသောက်ရင်း စာဖတ်သူပျိုပျိုမေတို့အတွက် “အသားအရည် လှပအောင် စားသောက်ခြင်း” နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
သြော်...မေ့လို့...အပြင်ပိုင်းအသားအရည်ကိုစိုပြေလှပဖို့အတွက်ကတော့ အစိုဓာတ်(Moisture) များများပါတဲ့ Lotion မှန်မှန်လိမ်းပေးဖို့ တိုက်တွန်းလိုက်ပါရစေ... ပျိုပျိုမေတို့ လှသထက် လှနိုင်ကြပါစေရှင်..။

(မေးထဲရောက်လာတဲ့ သုတလေးတွေပါ)

0 comments:

Post a Comment