တွယ်တာလှပေမယ့်
ကွယ်ရာကပဲချစ်တော့မယ်
ကွယ်ရာကပဲချစ်တော့မယ်
အစဉ်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
မကြင်ရက်တယ်သခင်ဆိုမလား
မြေမျိုလျှင်ကို့အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်
စိတ်ညစ်တယ်ကွယ်
သံယောဇဉ်ခွေကာရစ်ပေမယ့်
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
မပူရုပ်ကိုဟန်ဆောင်တင်းပေမယ့်
မပူရုပ်ကိုဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာမကြည်ငွေ့လေတော့
ဒီနေ့လည်းစိတ်ညစ်တယ်
ဒီနေ့လည်းစိတ်ညစ်တယ်
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှလား
ပါးစပ်ကပြောမှလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေပဲ
ချစ်သဲရယ်ဖာသာဖြေလို့
ချစ်သဲရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့။ ။
သူစိမ်းတွေပေါ့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
0 comments:
Post a Comment